username and password don't match

လမ်းအန္တရာယ်ကင်းရှင်းဖို့ အသိပေး လှုပ်ရှားမှု လုပ်မယ်

7Day TV
7Day TV Official

လမ်းအန္တရာယ် ကင်းရှင်းဖို့ မိမိကိုယ်တိုင် စတင်စို့ Start with me Road Safety ဆိုတဲ့ လူထုအသိပညာပေး လှုပ်ရှားမှုကို လာမယ့် ဧပြီလ(၄)ရက် မဟာဗန္ဓုလပန်းခြံရှေ့မှာ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊
ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်နဲ့ မိတ်ဖက်အဖွဲ့အစည်းပေါင်း (၂၀)နီးပါးက ပူးပေါင်းဆောင်ရွက်တာဖြစ်တယ်လို့ သိရပါတယ်။လမ်းအန္တရာယ် ကင်းရှင်းစို့ မိမိကိုယ်တိုင် စတင်စို့ လှုပ်ရှားမှုလိုမျိုး မေလမှာလည်း ထပ်မံလုပ်ဆောင်သွားဖို့ရှိတယ်လို့ သိရပါတယ်။
၂၀၁၆ခုနှစ် အတွင်း ရန်ကုန်မြို့မှာ ယာဉ်မတော်တဆမှု တရက်ကို ပျှမ်းမျှ အနေနဲ့ (၄၇)မှုရှိခဲ့ပြီး ယာဉ်မတော်တဆမှုကြောင့်နေ့စဉ်(၁၄)ဦးခန့်သေဆုံးနေတယ်လို့လဲ သိရပါတယ်။
ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး

latest videos

most viewed

loading